ကော့ကရိတ်  ၂၀  အောက်တိုဘာ

 

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာ ၁၆ ရွာ၌ ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေ၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေ၊ အလှူရှင် လှူဒါန်းငွေတို့ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်း (၁၆)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

 

ကော့ကရိတ်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခုဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများသောက်သုံးရေရရှိရေး ဝင်းက၊ လှိုင်ကွယ်နိုင်၊ အောင်ဗလကုန်း၊ လှိုင်ကွယ်၊ ကွီမောင်တိုင်၊ ငှက်ပျောတော၊ ကော့ဘော်၊ အီဘိုင်း၊ ထီဖိုးကလောင်၊ ကော့မိ၊ နောက်တမံ၊ သရက်တော၊ ရေပူကြီး၊ ခရင်း၊ တကုံးက၊ ကော့သာဆူး စသည့် ကျေးရွာ(၁၆)ရွာ၌ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းတစ်ခု၊ မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းနှစ်ခု၊ လက်တူးတွင်းကျယ်တူးဖော်ခြင်း လုပ်ငန်းတစ်ခုနှင့်  တွင်းတိမ်စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ၁၂ ခုကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရန်ပုံငွေကျပ် ၇၉ ဒသမ ၆ သန်း၊ ကရင်ပြည်နယ်အစိုးရခွင့်ပြုရန်ပုံငွေ ၁၄ ဒသမ ၁ သန်း၊ အလှူရှင်လှူဒါန်းငွေ ၄ ဒသမ ၇ သန်း စုစုပေါင်းငွေကျပ် ၉၈ ဒသမ ၄ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ကော့ကရိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ဝင်းက ပြောပြ၍သိရသည်။

 

အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကော့ကရိတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်ဝင်း၊ ကော့ကရိတ် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဆားဒေါက်ဖော့နှင့် တာဝန်ရှိသူများက ကော့ကရိတ်မြို့နယ် အတွင်းရှိ ကျေးလက်ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

 

အဆိုပါရေရှိရေးလုပ်ငန်း(၁၆)ခု ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၁၆ ရွာရှိ အိမ်ခြေ(၂၁၂၈)၊ လူဦးရေ(၁၄၉၀၀)ကျော်နှင့် ကျွဲ၊ နွား တိရစ္ဆာန် တို့အတွက် လာမည့်နွေရာသီကာလ သောက်သုံးရေများဖူလုံစွာရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။

 

ကျော်ဦး

 

mdn