၂၀ အောက်တိုဘာ

 

 

အမေရိကန်နိုင်ငံက တစ်ကမ္ဘာလုံးတွင် ဆိုက်ဘာတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် ရုရှားစစ်ထောက်လှမ်းရေး အရာရှိ ခြောက်ဦးအား  တရားစွဲဆိုထားကြောင်း အမေရိကန် တရားရေးဌာနက ထုတ်ပြန်ခဲ့သည်။

 

 

အဆိုပါ တရားခံ ခြောက်ဦးသည် ရုရှား လက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ်ရုံး၏ စစ်ထောက်လှမ်းရေး အေဂျင်စီ တစ်ခုဖြစ်သည့် ရုရှားနိုင်ငံ၏ အဓိက ထောက်လှမ်းရေး အဖွဲ့အစည်း တစ်ခု ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။

 

 

အဆိုပါ ထုတ်ပြန်ချက်များအရ ဆိုက်ဘာ တိုက်ခိုက်မှုများမှာ ယူကရိန်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးစနစ်ဆိုင်ရာ သတင်းအချက်အလက်များ၊ ၂၀၁၇ခုနှစ် ပြင်သစ်ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ၊ ၂၀၁၈ခုနှစ်  ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကို ခိုးယူခဲ့ခြင်းဖြစ်သည်။

 

 

တရာခံများနှင့်အတူ ယင်းတို့၏ အပေါင်းအပါများသည် ကွန်ပျူတာများကို ဟက်ခြင်း၊ ဆက်သွယ်ရေး လိမ်လည်မှု  အချက်အလက်များ ခိုးယူရန် ထိုးဖောက် ဝင်ရောက်ခြင်းနှင့် ဒိုမိန်း အမည်တစ်ခုတွင် လိမ်ညာမှတ်ပုံတင်ခြင်း စသည့် စွဲချက်များဖြင့် တရားရင်ဆိုင်ရမည်ဖြစ်သည်။

 

 

အဆိုပါ တရားခံ ခြောက်ဦးအနက် တစ်ဦးမှာ ၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲတွင် ဝင်ရောက် နှောက်ယှက်သူအဖြစ် သံသယရှိသူဖြစ်ပြီး ယခင်ကတည်းက စွဲချက်တင်ခံထားရသူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

 

ဘာသာပြန်-မေဇော်ထက်