ဖရူဆို ၂၀ အောက်တိုဘာ
ကယားပြည်နယ် လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ် ထီးတရဲရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီ မိနစ် ၂၀ ခန့်က ဝက်သားဟင်းချက်ရာမှ မီးဖိုဆောင်နံရံ ကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်ပွားသောနေရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန မီးသတ်ယာဉ်(၂)စီးနှင့် ရပ်ကွက် နေပြည်သူများ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ၈ နာရီ ၄၅ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်ကျွမ်းမှုကြောင့် (၁၅ပေ၊ ၁၀ပေ) သွပ်မိုး၊ ထရံကာ၊ ဝါးခင်း အဆောက်အဦ လောင်ကျွမ်း ပျက်စီးခဲ့ကြောင်း သိရသည်။
နေအိမ်တွင် နေထိုင်သူ အမျိုးသား (၂)ဦး၊ အမျိုးသမီး (၅) ဦးရှိပြီး လူနှင့်တိရစ္ဆာ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု မရှိကြောင်းနှင့် မီးလောင်မှုဖြစ်ပွားခဲ့သည့် အိမ်ရှင်အမျိုးသားအား ဖရူဆိုမြို့နယ်ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်
