ဖလမ်း  ၂၁  အောက်တိုဘာ

 

ဖလမ်းမြို့နယ်၊ ဇာထလှီရ်ကျေးရွာရှိ ထန်ကျုံးနုန်စာကြည့်တိုက်ဖွင့်ပွဲကို အောက်တိုဘာ ၂၀ ရက မွန်းလွဲပိုင်းက ပြုလုပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်ဖွင့်လှစ်ပေးသည်။

 

အဆိုပါ စာကြည့်တိုက်ကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ထန်းကျုံးနုန်၏မြေး ဒေါ်တာလ်တင်ပါရ်နှင့် ရပ်မိရပ်ဖဦးဆွေးအဲရ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပကာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်က စာကြည့်တိုက် အောင်မြင်စွာ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းသည်။

 

အဆိုပါ စာကြည့်တိုက်ကို ထန်ကျုံးနုန် မြေးများက ကျေးရွာအတွက် သိန်း(၃၀ဝ)ခန့်ကုန်ကျခံကာ ဆောက်လုပ်ပေးပြီး စာကြည့်တိုက်တွင် သုတရသစာအုပ်ပေါင်း ၁၀ဝ၀ ကျော်ခန့်ရှိကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်