ကျိုက်မရော ၂၁ အောက်တိုဘာ

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများအား သက်ဆိုင်ရာရပ် ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲဝင်များသို့ ထုတ်ပေးရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများကို ယနေ့နံနက် ၁၁ နာရီက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးခန်းမ၌ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် အထွေထွေ ရွေးကောက်ပွဲအတွက်မဲရုံပေါင်း (၉၈)ရုံတွင် အသုံးပြုရန်အတွက် မဲရုံးသုံးပစ္စည်းမျိုးစုံ ၉၈ ထုပ်ကို ပြည့်စုံလုံလောက်မူရှိစေရန် မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းရှင်နှင့် ဝန်ထမ်းများကော်မရှင်အဖွဲ့ခွဲဝင်များ၊ စစ်ဆေးရေး အဖွဲ့ဝင်များက မဲရုံများတွင် အဓိကအသုံးပြုရမည့် မဲပုံးမျာ၊ တံဆိပ်တုံးများ၊ မဲရုံးသုံးစာရေးကိရိယာများ၊ မဲရုံတွင် ချိတ်ဆွဲထားရှိရမည့် ကြော်ငြာဗီနိုင်းများ၊ ကြိုတင်မဲလက်မှတ် စာအိတ်များစသည့်ဖြင့် ရွေးကောက်ပွဲဆိုင်ရာ မဲရုံသုံးပစ္စည်းများ ပြည့်စုံမှန်ကန်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ မဲရုံသုံးပစ္စည်းများကို အောက်တိုဘာ ၂၃ ရက်တွင် ကျင်းပပြုလုပ်မည့်မြိုနယ် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများထံ ခွဲဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ချိုချို(ပြန်/ဆက်)