မောင်တော ၂၁   အောက်တိုဘာ 

 

ရခိုင်ပြည်နယ် မောင်တောမြို့၌ ယာယီကုသရေးနေရာတွင် တက်ရောက် ဆေးကုသနေသော ကိုဗစ်-၁၉ ပိုးတွေ့ လူနာများ စိတ်ပိုင်းဆိုင်ရာဖျော်ဖြေရေးအတွက် ပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့ နံနက် ၁၁ နာရီ အချိန်  အ.ထ.က(၂)စာသင်ကျောင်း ယာယီကုသရေး နေရာ တွင် ပေးအပ်လှူဒါန်းခဲ့ကြသည်။

 

mdn

 

ထို့သို့ လှူဒါန်းရာတွင် ယာယီကုသရေးနေရာ၌ တက်ရောက် ဆေးကုသနေသော ကိုဗစ်-၁၉ ပိုးတွေ့ လူနာများ စိတ်ပိုင်းဆိုင်ရာဖျော်ဖြေရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ရောဂါ  ထိန်းချုပ်ရေး နှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ လှူဒါန်းသော စုစုပေါင်းတန်ဖိုး သုံးသိန်းသုံးထောင်ခန့်ရှိ ၃၂ လက်မ TV  (၁) လုံး နှင့်  PSI စလောင်း စက် (၁)စုံ တို့ အား အ.ထ.က(၂)စာသင်ကျောင်းရှိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ စိတ်ပိုင်းဆိုင်ရာ ဖျော်ဖြေရေးအတွက်  လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သက်လွင်စိုး(ခရိုင် ပြန်/ဆက်)