ကျောက်ဖြူ  ၂၁  အောက်တိုဘာ 

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် COVID-19 ရောဂါဖြင့်တက်ရောက် ဆေးကုသနေပြီး ရောဂါ သက်သာပျောက်ကင်းသူ လေးဦးအား ယနေ့၊ နေ့လယ် (၁၁) နာရီက ထပ်မံ ဆေးရုံ ဆင်းခွင့်ပြုခဲ့ရာ ဆေးရုံဆင်းခွင့်ပြုသူစုစုပေါင်း (၂၈၇) ဦးအထိရှိလာပြီဖြစ်ကြောင်း ကျန်းမာရေး ဌာနမှသိရသည်။

 

ဆေးရုံဆင်းခွင့်ပြုသူတို့အား မိမိနေအိမ်တွင် (Stay at Home) (၇)ရက် အသွားအလာ ကန့်သတ် ကာ သီးသန့်နေထိုင်ရမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဌာနမှလိုအပ်၍ ကျန်းမာရေး စစ်ဆေးမှုလိုအပ် ပါက ပူးပေါင်းပေးရန်၊ ကျန်းမာရေးဆိုင်ရာဆက်လက်ဆောင်ရွက်ရန် အချက်များကို တိကျစွာလိုက်နာ ကြရန် သမားတော်နှင့် တာဝန်ကျသူနာပြု ဆရာမများက မှာကြားပြီး၊ ဆေးရုံဆင်း လက်မှတ်များ အသီးသီးပေး အပ်ခဲ့သည်။

 

ထို့နောက် ၎င်းတို့အား မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့၊ လူမှုရေးအသင်း အဖွဲ့များက နေအိမ်သို့ ပြန်လည် ပို့ဆောင်ပေးခဲ့သည်။ ကျောက်ဖြူမြို့တွင် ဩဂုတ်လ (၂၅) ရက်နေ့မှ အောက်တိုဘာလ (၂၁) ရက်နေ့အထိ COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း (၃၂၅) ဦးအထိရှိရာ ယနေ့တွင် ရောဂါပျောက်ကင်းသူ လေးဦး ထပ်မံဆေးရုံဆင်းခွင့်ပြုခဲ့ပြီး၊ ဆေးရုံးဆင်းခွင့်ရရှိသူ စုစုပေါင်း (၂၈၇) ဦး အထိရှိပြီဖြစ်ကြောင်းနှင့် ဆေးရုံတွင် (၃၈) ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရဲလွင်မောင်ထံမှ သိရသည်။

 

ဖြိုးဝေလင်း(ခရိုင်ပြန်ဆက်)