ရန်ကုန် ၂၁ အောက်တိုဘာ
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် တာဝန်ထမ်းဆောင်လျက် ရှိကြသော အရာထမ်း အမှုထမ်းများက ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးဘက်ဆိုင်ရာ နိုင်ငံ့ဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်း များအား ဂုဏ်ပြုချီးမြှင့်သည့် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနား ကို အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်း တက္ကသိုလ် ဧည့်ရိပ်သာ(၁)၌ ကျင်းပသည်။
အခမ်းအနားတွင် ကိုဗစ်-၁၉ ကုသရေးဌာန ကြီးကြပ်မှု လုပ်ငန်းကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ(၁)၊ ဗဟိုဝန်ထမ်း တက္ကသိုလ်(အောက်မြန်မာပြည်)၊ ပါမောက္ခချုပ် ဦးကျော်ဝင်းဟန် က ငွေကျပ် သိန်း ၅၀ ကို ပေးအပ်လှူဒါန်းရာ ကိုဗစ်-၁၉ ကုသရေးဌာန ကြီးကြပ်မှု လုပ်ငန်း ကော်မတီ၊ အတွင်းရေးမှူး(၁)၊ ဆေးရုံအုပ်ကြီး ဒေါက်တာကိုကိုနိုင်က လက်ခံ၍ ကျေးဇူး တင်စကားပြန်လည် ပြောကြားသည်။
အဆိုပါ လှူဒါန်းပွဲသို့ ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)မှ တက္ကသိုလ်စီမံ ခန့်ခွဲရေး ကော်မတီ ဝင်များ၊ ကိုဗစ်-၁၉ ကုသရေးဌာန ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ ယဉ်ယဉ်ထွန်း နှင့် ဆရာဝန်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


