mdn

နေပြည်တော် ၂၁ အောက်တိုဘာ  

           

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် USAID PRLM တို့ ပူးပေါင်းဆောင်ရွက်သည့် ရှေ့ပြေးဥပဒေရုံး ၁ဝ ရုံး တိုးချဲ့ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါက်တာသီတာဦးက တရားဥပဒေစိုးမိုးရေးကဏ္ဍ၌ ရှေ့ပြေးဥပဒေရုံးများ ဖွင့်လှစ်နိုင်ခြင်း၏ အရေးပါမှု၊ တရားခွင်အကြို တွေ့ဆုံမေးမြန်းခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြောကြားပြီး USAID နှင့် PRLM မှ တာဝန်ရှိသူများက တိုးချဲ့ဖွင့်လှစ်မည့် ရှေ့ပြေးဥပဒေရုံးများတွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။

အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ တရားစွဲနှင့် အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဥပဒေအရာရှိများ တိုးချဲ့မည့် ခရိုင်ဥပဒေရုံးများမှ ဥပဒေအရာရှိများနှင့် USAID PRLM မှ တာဝန်ရှိသူများ ပါဝင်ဆွေးနွေးကြသည်။ 

 

သတင်းစဉ်