mdn

နေပြည်တော် ၂၁ အောက်တိုဘာ

 

ယခုနှစ်မိုးရာသီတွင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် စပါးများအား သမဝါယမအသင်းများက ဝယ်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး ညှိနှိုင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများ၊ ဗဟိုသမဝါယမ အသင်းဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် သမဝါယမဦးစီးမှူးများနှင့် သမဝါယမ အသင်းစုချုပ်ဉက္ကဋ္ဌများမှ Virtual Meeting စနစ်ဖြင့် ချိတ်ဆက်တွေ့ဆုံ၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

စပါးဝယ်ယူရေးလုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့ရှိ သမဝါယမအသင်းများမှ စုစုပေါင်းစပါးတင်း ()သိန်းခန့်အား တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေး ဦးဆောင်အဖွဲ့ အခြေခံ ရည်ညွှန်းစံသတ်မှတ်ချက်များနှင့်အညီ အောက်တိုဘာလကုန်တွင် စတင်၍ ဝယ်ယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမဝါယမဦးစီးဌာနမှ သိရသည်။

 

MDN