mdn

 

နေပြည်တော် ၂၁ အောက်တိုဘာ

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၂၀ ရက် နံနက် ၁၁ နာရီခွဲတွင် ဝိုင်းမော်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ဆမားဒူဝါလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ မမူမူလင်း(ခ)အိငယ်ကို ရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၄၄ ကီလိုကို လည်းကောင်း။

 

အလားတူ ယင်းနေ့ နံနက် ၆ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်လောင်းမြို့နယ်၊ မွှေးပြင်ကျေးရွာအုပ်စု၊ ခနွဲ(ဝါးပြုံး)ကျေးရွာနေ ခွန်တုတ်(ခ)တီးတုတ်၏ နေအိမ်ကိုရှာဖွေရာ ၎င်းအား နေအိမ်တွင် တွေ့ရှိခြင်းမရှိဘဲ နေအိမ်အတွင်းမှ တူမီးသေနတ် ၁ လက်၊ ယမ်းမှုန့် ၉၀ ဂရမ်ပါ ပလတ်စတစ်ဘူး ၁ ဘူး၊ ယမ်းကတ် ၁၈ ခု၊ ခဲစ ၃ ခုနှင့် ကတ်ထူပုံးများအတွင်းမှ ဘိန်းစိမ်း ၁၀၀ ကီလိုတို့ကိုလည်းကောင်း။

 

ထို့အတူ ယင်းနေ့ မွန်းလွဲ ၁ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်းကျေးရွာအုပ်စု၊ မန်မိုင်ကျေးရွာနေ ထွန်းနေ၏ နေအိမ်အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၄၀၀ ကိုလည်းကောင်း၊ ကွင်းဆက်အရ လောက်ကိုင်မြို့နယ်၊ ထင်ပါကျိုင်းကျေးရွာနေ ရန်ဖာလျန်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၅၀ ပြား၊ အိုက်စ် သုည ဒသမ ၁၅ ကီလိုကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၆ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဟိုပန်မြို့နယ်၊ ဟိုပန်-ပန်လုံသွားကားလမ်း၊ မိုင်တိုင် အမှတ် ၂/၂ အနီးတွင် အိုက်ကော်မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၇၅၅ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား