mdn

၂၁ အောက်တိုဘာ

 

ဘရာဇီးနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးအစီအစဉ်မှာ တရုတ်နိုင်ငံထုတ် CoronaVac ဆေးလည်း ပါဝင်လာကြောင်း ဘရာဇီးကျန်းမာရေးဝန်ကြီးက အင်္ဂါနေ့မှာ ထုတ်ပြန်ပြောကြားပါတယ်။

 

နိုင်ငံရေးနဲ့ သံတမန်ရေးအရ တရုတ်ထုတ်ဆေးကို သုံးသင့်မသုံးသင့် အငြင်းပွားပြီးနောက်မှာ CoronaVac ကို ဘရာဇီးနိုင်ငံရဲ့ ကာကွယ်ဆေးအစီစဉ်မှာပါဝင်ကြောင်း သိရပါတယ်။

 

လာမယ့်နှစ် ဇန်နဝါရီလမှာ စတင်အသုံးပြုမယ့် ကာကွယ်ဆေး အစီအစဉ်အတွက် တရုတ်နိုင်ငံထုတ် CoronaVac ဆေးကို ၄၆ သန်းဝယ်ယူအသုံးယူဖို့ ဆာပါလိုပြည်နယ်အတွက် အသုံးပြုရန် သဘောတူညီချက်ရရှိပြီးပြီ ဖြစ်ပါတယ်။

 

CoronaVac ကာကွယ်ဆေးဟာ တရုတ်ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Sinovac Biotech မှ ထုတ်လုပ်တာဖြစ်ပါတယ်။ ဆာပါလို ပြည်နယ်အုပ်ချုပ်ရေးမှူး ဂျိုအာအို ဒိုရီရာ ဟာ သမ္မတ ဘော်ဆိုနာယိုကို ဆန့်ကျင်တဲ့သူဖြစ်ပါတယ်။ ဆာပါလို ပြည်နယ်မှာ ဘရာဇီးသုတေသန Butantan Institute နဲ့ တရုတ်ဆေးကုမ္ပဏီတို့ ပူးတွဲပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်ရန် ပြည်နယ်အုပ်ချုပ်ရေးက ခွင့်ပြုထားတာဖြစ်ပါတယ်။

 

သမ္မတ ဘော်ဆိုနာယို ဟာ အောက်စဖို့တက္ကသိုလ်မှ ထုတ်လုပ်မယ့် ကာကွယ်ဆေးကိုသာ အသုံးပြုရန်အတွက် တခြားနိုင်ငံတွေကနေ ထုတ်လုပ်မယ့် ဆေးတွေအား အသုံးပြုရေးမှာ တောင့်ခံနေခဲ့ပါတယ်။

 

ဆာပါလို ပြည်နယ်အုပ်ချုပ်ရေးမှူးက CoronaVac ကာကွယ်ဆေးဟာ လုံခြုံဘေးကင်းပြီး အစွမ်းထက်ကြောင်း သူ့ပုဂ္ဂိုလ်ရေးအရ သတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ရှင်းလင်းပြီး ဖြစ်ပါတယ်။

 

သမ္မတ ဘော်ဆိုနာယိုဟာ အောက်စဖို့ဒ်မှထုတ်လုပ်မယ့် ကာကွယ်ဆေး သန်း ၁၀၀ ကို ဝယ်ယူဖို့ လက်မှတ်ရေးထိုးပြီး ဖြစ်ပါတယ်။

 

ဘရာဇီးနိုင်ငံမှာ လူဦးရေ ၂၁၂ သန်းရှိပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၅ ဒသမ ၃ သန်းထဲမှ ၁၅၅,၀၀၀ ဦး သေဆုံးကြောင်း သိရပါတယ်။ 

 

MDN

ကိုးကား - AFP