မိုးနဲ ၂၂ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းကာ မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ လှုပ်ရှားဆောင်ရွက်များအား Online Talk Show ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးညွန့်ရွှေက Online မှ တစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ် ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးတိုးလှက မြို့နယ်ကြက်ခြေနီအသင်း၏ ရည်ရွယ်ချက်များ၊ တပ်ဖွဲ့ဝင်အင်အား ဖွဲ့စည်းထားရှိမှုအခြေအနေ၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါကာလအတွင်း အသိပညာပေးလုပ်ငန်းများကိုမြို့နယ် အဆင့်ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းက ဆောင်ရွက်ပေးနေမှုအခြေအနေများကိုလည်းကောင်း၊ လာမည့်နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပရာ မဲရုံများ၌ မဲဆန္ဒရှင် ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးနိုင်ရန်အတွက် ကြက်ခြေနီတပ်ဖွဲ့ဝင် အင်အားများ အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ Online Talk Show ဆွေးနွေးပွဲရိုက်ကူးထားရှိမှုကို (IPRD Mong Nai) Facebook Page စာမျက်နှာတွင်လည်း လွှင့်တင်ထားရှိမှာဖြစ်ကြောင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)


