မြစ်သား ၂၂ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ကမ္ဘောဇဘဏ် လီမိတက်(မြစ်သားဘဏ်ခွဲ)မှ အလှူငွေနှင့် ကိုဗစ်−၁၉ အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ ညနေ (၃)နာရီအချိန်က လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်လီမိတက်(မြစ်သားဘဏ်ခွဲ)မှ အလှူငွေနှင့်အထောက်အကူပစ္စည်းများကို မြစ်သားပြည်သူ့ဆေးရုံကြီးတွင် အထွေထွေအသုံးပြုရန်အတွက် အလှူငွေကျပ်သိန်း(၅၀)နှင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် Mask (၃၀၀၀၀)၊ ခေါင်းစွပ်(Cap) ခုရေ(၄၀၀)၊ လက်အိတ်(Gloves)အစုံ (၃၀၀၀)၊ Face shield ခုရေ(၂၅၀)၊ Handgel ဘူး(၂၀၀)၊ PPE ဝတ်စုံ (၅၀)၊ မျက်မှန်(၅)ဖာ တို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပိုက လက်ခံရယူခဲ့ပြီး မြစ်သားကမ္ဘောဇဘဏ်ခွဲသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဆုမွန်(မြစ်သား)


