မုံရွာ  ၂၂   အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကိုင်းတောကျေးရွာနှင့် ရွာတော်ကျေးရွာ နှစ်ရွာတွင် ဆောင်ရွက်သည့် ကုန်ထုတ်လမ်းခင်းခြင်းနှင့် ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးထံမှ သိရသည်။

 

ကိုင်းတောကျေးရွာတွင် အရှည်ပေ ၂၇၀၀ အကျယ် ၁၂ ပေ ထု ကိုးလက်မရှိ ကုန်ထုတ် လမ်းခင်းခြင်းနှင့် ရွာတော်ကျေးရွာတွင် အရှည် ၆၂၆ ပေ အကျယ် ၁၂ပေ ထု ခြောက်လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ် Cash For Work စီမံကိန်းထောက်ပံ့ငွေကျပ်သိန်း ၁၀၀ စီဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင် နီယာများ၏ နည်းပညာအကူအညီဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် ဇူလိုင်လအတွင်းက စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မုံရွာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ထံမှ သိရသည်။

 

ဂျိုင်းလော(သတင်းစဉ်)