ပန်းတနော် ၂၂  အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါး ပြိုကျမှုကြောင့် အောက်တိုဘာ ၂၁ ရက် မွန်းတည့် ၁၂ နာရီခန့်က ကျေးရွာအုပ်စု (၂)အုပ်စုရှိ လူနေအိမ် (၁၇) လုံးပြောင်း ရွှေ့ခဲ့ရကြောင်း သိရသည်။

 

mdn

 

မြစ်ကမ်းပါးပြိုကျမှုကြောင့် ပန်းတနော်မြို့နယ် တူးချောင်းကျေးရွာအုပ်စု တူးချောင်းကျေးရွာနှင့် ရေပေါ်ကြီး ကျေးရွာ အုပ်စုရှိ အထက်ကဇင်းတောကျေးရွာ၊ ကလားမချောင်းကျေးရွာတို့တွင် သစ်အိမ် (၄)လုံး၊ ဝါးအိမ် (၁၃) လုံး စုစုပေါင်း (၁၇) လုံး၊အိမ်ထောင်စု (၁၇)စုတို့မှ နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များတွင်လည်းကောင်း၊ ကမ်းလွတ်သည့်မြေကွက်များပေါ်တွင်လည်းကောင်းပြောင်းရွေ့ကာ နေအိမ်များပြန်လည်ဆောက်လုပ် နေထိုင်လျက်ရှိကြောင်း သိရသည်။

 

ပြည့်ဖြိုးကျော်(ပန်းတနော်)