ကန့်ဘလူ ၂၂ အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၁၆၁ ဒသမ ၀၄၁၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ်သန်း ၅၀၈၅ ဒသမ ၁၈၂ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမြင့်အောင်ထံမှ သိရသည်။

 

ကန့်ဘလူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအနေဖြင့် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်း၊ ဆည်တမံများတွင် လိုအပ်သောနေရာများ၌ ကျောက်ကြီးလိုင်နင်စီခြင်း၊ မြောင်းဖြတ်ကူးတံတား တည်ဆောက်ခြင်း၊ လျှပ်စစ်ရေတင်လုပ်ငန်း ဆောင်ရွက်ခြင်း၊ ကျေးလက် ကုန်ထုတ်လမ်းခင်းခြင်း၊ စက်ရေတွင်း၊ ရေစက်ရုံ၊ အုတ်ရေကန် တည်ဆောက်ခြင်း၊ နယ်မြေမီးသတ် စခန်း(ဝန်ထမ်းနေအိမ်ပါ)များ တည်ဆောက်ခြင်း၊လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့တည်ဆောက် ခြင်း၊ ထရန်စဖော်မာများ တည်ဆောက်ခြင်း၊ ဓာတ်အားကြိုးများ လဲလှယ်တပ်ဆင်ခြင်း၊ ကတ္တရာလမ်း ခင်းခြင်း၊ ကျောက်ရောမြေ လမ်းပုခုံးခင်းကြိတ်ခြင်း၊ ကျေးရွာချင်းဆက်လမ်းများအား (မြေ +ဂျင်း) ခင်းခြင်း၊ ကွန်ကရစ် တံတားတည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း၊ မြို့ပေါ်ရပ်ကွက်လမ်းများ ကတ္တရာခင်းခြင်း၊ တိုးချဲ့ ကတ္တရာ ထပ်ပိုးလွှာခင်းခြင်း၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ မြို့တွင်းရေပိုက်လိုင်းများနှင့် ဂိတ်ဘားများ ပြုပြင်ခြင်း၊ သားသတ်ရုံများ တည်ဆောက်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ဂျင်းလမ်းခင်းခြင်း၊ ကျောက်ချော လမ်းခင်း၊ Box Culvert များတည်ဆောက်ခြင်းနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများ တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ဝင်းငြိမ်း(ကန့်ဘလူ)