မြစ်သား ၂၂ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ကမ္ဘောဇဘဏ်လီမိတက် (မြစ်သားဘဏ်ခွဲ) မှ အလှူငွေနှင့် ကိုဗစ်−၁၉ အထောက်အကူပြုပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကမ္ဘောဇဘဏ်လီမိတက် (မြစ်သားဘဏ်ခွဲ) မှ အလှူငွေနှင့် အထောက်အကူပစ္စည်းများကို မြစ်သားပြည်သူ့ဆေးရုံကြီးတွင် အထွေထွေအသုံးပြုရန်အတွက် အလှူငွေကျပ် သိန်း(၅၀)နှင့် ကိုဗစ်−၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် Mask (၃၀၀၀၀)ခု၊ ခေါင်းစွပ်(Cap) (၄၀၀)ခု၊ လက်အိတ်(Gloves) (၃၀၀၀)စုံ၊ Face shield (၂၅၀)ခု၊ Handgel (၂၀၀)ဘူး၊ PPE ဝတ်စုံ (၅၀)စုံ၊ မျက်မှန် (၅)ဖာတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိန်ပိုက လက်ခံရယူခဲ့ပြီး မြစ်သားကမ္ဘောဇဘဏ်ခွဲသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဆုမွန်(မြစ်သား)


