ရန်ကုန် ၂၂ အောက်တိုဘာ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် ကြက်ခြေနီစေတနာလုပ်အားရှင်များ ပါဝင်ကူညီဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၂၁ ရက်က ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အမှတ်(၂) ချစ်ကြည်ရေးတံတားတွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်၀င်ရောက်လာကြသည့် နေရပ်ပြန်ပြည်သူများကို စာရင်းများကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် သက်ဆိုင်ရာနေရပ်အသီးသီးသို့ ပြန်လည်သွားရောက်လိုသူများကို စီးရမည့်ကားများ ညွှန်းပို့ပေးခြင်းတို့ကို မြ၀တီမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအောင်သွင်ဦးနှင့် ကြက်ခြေနီစေတနာလုပ်အားရှင် (၈)ဦးတို့သည် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့်အတူ ပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိသည်။
ဝင်းအောင်(MRCS)


