mdn

မန္တလေး ၂၂ အောက်တိုဘာ

 

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ UAB ဘဏ် လုယက်မှုဖြစ်စဉ်မှ သက်သေခံပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ယနေ့ နံနက် ၁၁ နာရီခွဲက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် UAB ဘဏ်မှ ငွေကျပ် သိန်း ၂၀၀ လုယက်မှုဖြစ်စဉ်မှ တရားခံ အောင်ကျော်ထွန်း(သေဆုံး) ဇနီးဖြစ်သူ မသန္တာမြင့်အား တိုင်းမှုခင်းအကူဌာနစုမှ ဒုရဲမှူး သက်နိုင်ထွန်း၊ ရဲအုပ် ရဲလင်းထိုက်၊ ဒုရဲအုပ် အောင်ကျော်မင်း၊ စက်မှုနယ်မြေရဲစခန်းမှ နယ်ထိန်း ဒုရဲအုပ် ပြည့်ဖြိုးသူတို့မှ ပူပေါင်းစစ်ဆေးခဲ့ရာ ညနေ နာရီတွင် မသန္တာမြင့်မှ  ၎င်းနေအိမ်တွင် ထားရှိသော ဂက်ဓ် မီးဖိုထည့်သည့် ကော်ဘူးမှာ ထားနေကျနေရာတွင်မရှိဘဲ ပျောက်ဆုံးနေသဖြင့် မသင်္ကာကြောင်း ထွက်ဆိုသဖြင့် သက်သေများနှင့်အတူ ၎င်းနေအိမ်တွင် လိုက်လံရှာဖွေခဲ့ကြောင်း။

 

ညနေ နာရီခွဲတွင် မီးဖိုခန်း ထမင်း/ဟင်းချက်သည့် စင်အောက်ရှိ မြေကြီးပေါ်တွင် အဆိုပါ ဂက်စ်မီးဖိုထည့်သည့် ကော်ဘူးအားတွေ့ရှိခဲ့ပြီး ကော်ဘူးအတွင်း ရှာဖွေရာ ဘောစေ့ထည့်ပစ်ရသော သေနတ် လက်၊ လက်ထိပ် ခု၊ ကျင်စက်(အသုံးပြု၍ရ) သေနတ်တွင် ထည့်ပစ်ရသော ဂက်စ်ဘူးအသေး ခုတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း။

 

ပူးပေါင်းအဖွဲ့သည် ဆက်လက်၍ မသန္တာမြင့်အား စစ်ဆေးခဲ့ရာ ၎င်းပိုင် မိန်းမကိုင် ပိုက်ဆံအိတ် လုံးမှာလည်း ပျောက်နေကြောင်း ထပ်မံထွက်ဆိုသဖြင့် သက်သေများနှင့်အတူ နေအိမ်အား အသေးစိတ်ရှာဖွေခဲ့ရာ ညနေ နာရီ မိနစ် ၂၀ ခန့်တွင် မသန္တာမြင့်၏ မိဘနှင့် အဘိုးအဘွားအိပ်ခန်းနှင့် မီးဖိုချောင်အဝင်ထောင့်ရှိ သစ်သားသေတ္တာ တစ်ခုအတွင်းမှ အနွေးထည်များနှင့်အုပ်လျက် ပိုက်ဆံအိတ်အား တွေ့ရှိခဲ့ပြီး အဆိုပါအိတ်အား ဖွင့်၍ရှာဖွေရာ တစ်သောင်းကျပ် (၁၀၀)ရွက်ပါ အထုတ် (၁၉)ထုတ် (၁၉၀ သိန်းကျပ်) တစ်သောင်းတန် (၉၀)ရွက်ပါ ()ထုတ် ( သိန်းကျပ်) စုစုပေါင်း ကျပ် ၁၉၉ သိန်းအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း။

 

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ တိုင်းမှုခင်းအကူဌာနစု၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစိတ်နှင့် စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သဲလွန်စတစ်ခုဖြစ်သော သိမ်းဆည်းရမိသည့် သက်သေခံ ယာဉ်ပေါ်ရှိ စာရွက်ပိုင်းလေးဖြင့်ရေးထားသော ဖုန်းနံပါတ်မှတစ်ဆင့် ခက်ခက်ခဲခဲ စုံစမ်းဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး အမှုအား ဉပဒေနှင့် တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြပါရှိသည်။

 

MDN

Credit/Photo- Mandalay Police