ကြံခင်း ၂၃ အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့ ပြည့်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင်အသုံးပြုနိုင်ရန် (555) ပွဲရုံမိသားစုမှ ငွေကျပ်(၉၅၄၀၀၀)တန်ဖိုးရှိ ကိုဗစ်-၁၉ကာကွယ်ရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကိုယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံတွင် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပေးအပ်လှူဒါန်းသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် PPEဝတ်စုံ ၅၀၊ KN95 mask  ခုရေ ၁၀၀၀၊ အောက်ဆီဂျင်အိုးကြီး(၁)ဘူး၊ Deli Charget တို့အား တန်ဖိုးငွေကျပ် ၉၅၄၀၀၀ ရှိ ပစ္စည်းများနှင့် မြို့နယ်ပြည်သူ့ဆေးရုံ လျှောက်လမ်း ကြွေပြားခင်း ရန်ငွေကျပ် ၁၃၀၀၀၀ ကို ကြံခင်းမြို့ (555)ပွဲရုံ မိသားစုမှ မြို့နယ်ကုသရေးနှင့် ကျန်းမာရေး ဦးစီးဌာနမှူးဒေါက်တာဝင်းနိုင်နှင့်ကျန်းမာရေးဌာနမှ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်မှ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထို့အတူ မြို့နယ်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့် ဆေးရုံတက်ရောက် ကုသနေသောလူနာများအတွက် နေ့လယ်စာ အဟာရဒါနလှူဒါန်းခဲ့ကြောင်း သိရသည်။

 

မိုးမိုး(ပြန်/ဆက်)

 

mdn