ခိုင်ကမ်း ၂၃ အောက်တိုဘာ

 

ချင်းပြည်နယ် ဖလမ်းခရိုင်တီးတိန်မြို့တွင် ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ အခြေခဲမဲဆန္ဒရှင် စုစုပေါင်း (၂၂၇၇)ဦး ရှိကြောင်း သိရှိရသည်။

 

ခိုင်ကမ်းမြို့သည် ရပ်ကွက်လေးခုဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး မဲရုံလေးရုံ တည်ရှိမည်ဖြစ်ကာ အမှတ်(၁)ရပ်ကွက်တွင် အခြေခံမဲဆန္ဒရှင်(၆၅၆)ဦး၊ အမှတ်(၂) တွင် (၃၂၃)ဦး၊ အမှတ်(၃) ရပ်ကွက်တွင် (၄၆၆)ဦးနှင့် အမှတ် (၄) ရပ်ကွက်တွင် (၈၃၂ ) ဦးရှိကြောင်း မြို့ရပ်ကွက်ရွေး ကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးများထံမှ သိရှိရသည်။

 

ဝုန်လွန်းညောင်(ခိုင်ကမ်း)