စစ်ကိုင်း  ၂၃  အောက်တိုဘာ

 

အသက်(၆၀)နှစ်အထက်နှင့် ကျန်းမာရေးချို့တဲ့သူများနှင့် နိုင်ငံ့တာဝန် ထမ်းဆောင်နေသည့် ဝန်ထမ်းများအား ကြိုတင်ဆန္ဒမဲများ ပေးနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်းကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။                   

 

 “ကျွန်တော်တို့ မြို့နယ်အတွင်းမှာရှိတဲ့ အသက်(၆၀)နှစ်အထက် ကျန်းမာရေးချို့တဲ့၍ အကြောင်း အမျိုးမျိုးကြောင့် လည်းကောင်း၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် မဲရုံ တာဝန်ထမ်းဆောင်ကြမည့်သူများအား ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်အတွက် ကြိုတင် ဆန္ဒမဲများပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲအသီးသီးသို့ တာဝန်များ ပေးအပ်ထားပြီး ဖြစ်ကြောင်း၊ မိမိတို့နှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများသို့ ကြိုတင် အကြောင်းကြား ရန်လိုအပ်ကြောင်း၊ အကြောင်းလာသူများအား  သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲမှ အိမ်တိုင်ရာရောက် မဲပေးနိုင်ရန်စီစဉ်ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း စစ်ကိုင်းမြို့နယ်အတွင်း အသက်(၆၀)နှစ်အထက် ကြိုတင်ဆန္ဒမဲပေးမည့်အရေအတွက်မှာ (၄၁၃၉၇)ဦးရှိ ကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးထွန်းရွှေက ရှင်းပြသည်။       

 

စစ်ကိုင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနည်းလမ်းများနှင့်အညီ ပြည်သူများ ဆန္ဒမဲများပေးနိုင်ရန် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲအသီးသီးမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ကိုလည်း ရွေးကောက်ပွဲဆိုင်ရာ သင်တန်းများကို စာတွေ့လက်တွေ့ပို့ချပေးနေပြီဖြစ်ကြောင်း သိရသည်။            

 

မျိုးဝင်း(ပြန်/ဆက်)