မန္တလေး ၂၃ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မန္တလာရောင်စဉ်အဖွဲ့တို့ ပူးပေါင်းကျင်းပသော ကိုဗစ်-၁၉၏ အမျိုးသမီးများအပေါ် သက်ရောက်မှုများအကြောင်းအား အွန်လိုင်းမှတစ်ဆင့် အသိပညာပေး ဆွေးနွေးပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဥမ္မာအောင်၊ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့် မန္တလာရောင်စဉ် အဖွဲ့မှ စီမံကိန်းညွှန်ကြားရေးမှူး ဒေါ်နန်းစိုးမေ တို့က ဦးဆောင်ဆွေးနွေးပြီး ဆွေးနွေးပွဲအား IPRD Mandalay District Facebook Page မှ တစ်ဆင့်ထုတ်လွှင့်ကာ အသိပညာပေး ဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကိုဗစ်-၁၉ ၏ အမျိုးသမီးများအပေါ်သက်ရောက်မှုများအကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း အမျိုးသမီးများ၏ အခက်အခဲနှင့်စိန်ခေါ်မှုများ၊ အမျိုးသမီးများရဲ့အခန်းကဏ္ဍ၊ အမျိုးသမီးများအပေါ် အသိပညာပေးရေးလုပ်ငန်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၏ အမျိုးသမီးများအပေါ် ကူညီဆောင်ရွက်ပေးနေမှုများ အစရှိသော အကြောင်းအရာများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)


