နေပြည်တော် ၂၃ အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဘီလေးကျေးရွာ တက်မ ရေနံမြေရှိ “ရွှေသိန်းသန်း” ရေနံတူးဖော်ရေးကုမ္ပဏီဝန်ထမ်း အရာတော်ကျေးရွာနေ လှမျိုး(၃၀)နှစ်သည်  အောက်တိုဘာလ ၂၂ ရက် နံနက် ၂ နာရီခွဲက ကုမ္ပဏီပိုင် ရေနံတွင်းများမှ ရေနံများ ခပ်ယူနေစဉ် ခြံစည်းရိုးအနီးရှိ ၈ ပေပတ်လည် အမြင့် ၁၀ ပေခန့် ရေနံကန်မှ မီးစတင်လောင်သည်ကို တွေ့ရှိ၍ သွားရောက်ကြည့်ရှုရာ ရေနံကန်အနီးမှ အမျိုးသား ၁ ဦး ထွက်ပြေးသွားသည်ကို တွေ့ရှိခဲ့ပြီး နံနက် ၅ နာရီခွဲအချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် ရေနံစိမ်း ၄၅၀ ဂါလန်နှင့် မြေစိုက်တဲ ၁ လုံး မီးလောင် ဆုံးရှုံးခဲ့သော ကြောင့် မီးရှို့ထွက်ပြေးသွားသူ အမျိုးသား ၁ ဦးအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာနယ်မြေရဲစခန်းမှ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)