နေပြည်တော် ၂၃ အောက်တိုဘာ
တဝမ်းချောင်းရေမြင့်တက်မှုကြောင့် နမ္မတီး-တနိုင်း-ပန်ဆောင် ကားလမ်း ကီလို မီတာမိုင်တိုင်အမှတ် (152) နှင့် (153) ကြား၌ လမ်းအရှည် အလျားပေ ၃၀ဝ ၊ အနံ ၃ပေခန့် ရေတိုက် စားပျက်စီးခဲ့ပြီး အဆိုပါလမ်းရှိ အလျားပေ ၆၀ ၊ အနံ ၁၀ ပေခန့် ကွန်ကရစ်တံတား၏ ဝဲ/ယာဘောင်များ ပျက်စီး ဆုံးရှုံးခဲ့ကြောင်း၊ အဆိုပါလမ်း၌ ယာဉ်ကြီးများ သွားလာ၍ မရကြောင်းနှင့် လူတိရိစ္ဆာန် ထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။
(ရဲပြန်ကြား)


