ပူတာအို    ၂၃   အောက်တိုဘာ

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် အောက်တိုဘာ(၁၆)ရက် ည(၁၀)နာရီဝန်းကျင်ခန့်က တိုက်ခတ်ခဲ့ သော လေပြင်းကြောင့်ထိခိုက်ခဲ့သော ကျေးရွာအုပ်စုနှစ်အုပ်စုရှိ လေဘေးသင့်အိမ်ထောင် မိသားစုများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ ပစ္စည်းနှင့် ငွေများပေးအပ်ခြင်းကို အောက်တိုဘာ(၂၂)ရက် မွန်းလွဲပိုင်းက အဆိုပါ လေဘေးသင့် အိမ်ထောင်မိသားစု အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်ဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိမ်းလေး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်၊ ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစောနွဲ့နေအောင်တို့က ပူတာအိုမြို့နယ် ပူတောင်း ကျေးရွာအုပ်စု မုဒုံ-၂ ကျေးရွာနေ လေဘေးသင့် အိမ်ထောင်မိသားစု (၇)စုနှင့် အသင်းတော် မူကြိုထမင်းစားဆောင်အတွက် ထောက်ပံ့ ငွေကျပ်စုစုပေါင်း ကျပ်  (၈၆၀,၉၀ဝ) နှင့် အိမ်ထောင်မိသားစု ငါးစုအတွက် ထောက်ပံ့ပစ္စည်း (၁၇)မျိုးစီနှင့် ပမ္မတီး ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာလေးရွာမှ လေဘေးသင့် အိမ်ထောင်မိသားစု(၆)စုနှင့် ပမ္မတီးကျေးရွာ အမှတ်(၅) အေဂျီအသင်းတော် မူကြိုကျောင်းဆောင်အတွက် စုစုပေါင်း ထောက်ပံ့ငွေကျပ်(၇၆၇,၆၀ဝ)နှင့် အိမ်ထောင်မိ သားစုနှစ်စုအတွက် ထောက်ပံ့ပစ္စည်း(၁၇)မျိုးစီတို့ကို အိမ်တိုင်ရာအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဖုန်ကန်(ပြန်/ဆက်)