mdn

ဖလမ်း ၂၃ အောက်တိုဘာ

 

ဖလမ်းမြို့၊ လေယာဉ်ကွင်းအနီး ဖော်ဆောင်လျက်ရှိသည့် ဂေါက်ကွင်း အဆောက်အဦ ပန္နက်တင်မင်္ဂလာအခမ်းအနားကို အောက်တိုဘာ ၂၃ ရက် နံနက် ၈ နာရီက ပြုလုပ်ကာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ကြောင်းသိရသည်။

 

ဂေါက်ကွင်းအဆောက်အဦးဆောက်လုပ်ရန် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် နှင့် ဖလမ်းခရိုင်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း တို့က ပန္နက်ရိုက်ပေးပြီး အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။ ထို့နောက် အဆောက်အဦးဆောက်လုပ်မည့် အခြေအနေနှင့် ဂေါက်ကွင်းဖော်ဆောင်လျက်ရှိသည့် အခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းခဲ့ကြသည်။

 

ဂေါက်ကွင်းအဆောက်အဦးကို ကျောက်တုံးများအသုံးပြု၍ ပေ(၆၀×၃၀×၁၂) ဖြင့် ဖလမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဆောက်လုပ်မည်ဖြစ်သည်။

 

ဂေါက်ကွင်းကို ခိုင်မာသောပန်းတိုင် ကုမ္ပဏီက ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်းမှစ၍ ဧရီယာ (၃၄ ဒသမ ၇၇) ဧကတွင် ကျင်း(၉)ကျင်းဖြင့် ဖော်ဆောင်ပြီး ကွင်းအတွင်းတွင် အသဲနှလုံးပုံသဏ္ဍာန်ရှိ ရိရေကန်၊ လိုင်ဗားဆည်(၁)နှင့်(၂)ပုံသဏ္ဍာန်များဖြင့် အလှဆင်ထားမည်ဖြစ်ကြောင်း သိရသည်။

 

ခရိုင် ပြန်/ဆက်