mdn

ကျောက်မဲ ၂၃ အောက်တိုဘာ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမပေါ်ရှိ ဂုတ်တွင်းတံတားသစ်ဖွင့်ပွဲကို ယနေ့မွန်းလွဲ နာရီက အဆိုပါ တံတားအနီး၌ ကျင်းပသည်။

 

ဖွင့်ပွဲအခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဌဋ္ဌ ဦးထွန်းထွန်းဟိန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီး ချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ်‌(မြောက်ပိုင်း) လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး (မြို့ပြ)က တံတားဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

 

ထို့နောက် တံတားသစ်အား ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တာဝန်ရှိသူများက တံတားသစ်၏ ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာများပက်ဖျန်းပေးကာ တံတားသစ်ပေါ်မှ ဖြတ်သန်းကြည့်ရှုစစ်ဆေးသည်။

 

အဆိုပါတံတားသစ်ကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့() တံတားအထူးအဖွဲ့()မှ ပြည်ထောင်စုရန်ပုံငွေ ငွေကျပ် ၈၇၄ သန်းဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ရက်မှ စတင်တည်ဆောက်၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၃၁ ရက်တွင် ပြီးစီးခဲ့ပြီး တံတားအရှည်မှာ ပေ ၂၁၀၊ အကျယ် ပေ ၃၀ ခံနိုင်ဝန်မှာ တန် ၆၀ ရှိကာ နှစ်လမ်းသွား သံကူကွန်ကရစ် တံတားဖြစ်ကြောင်း သိရသည်။

 

ဂုတ်တွင်းတံတားဟောင်းသည် ၂၀၁၉ ခုနှစ်၊ ဩဂုတ် ၁၅ ရက်တွင် မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရပြီးနောက် တာဝန်ရှိသူများက အဆိုပါတံတားဟောင်းအား ၄၈ တန် ခံနိုင်ဝန်ရှိ တံတားအဖြစ် ပြန်လည်ပြုပြင် တည်ဆောက်အသုံးပြုခဲ့ကာ ကုန်စည်စီးဆင်းမှု ကောင်းမွန်စေရေးအတွက် ယင်းတံတားဟောင်း အနီးတွင် ယနေ့ဖွင့်လှစ်ခဲ့သည့် တန် ၆၀ ခံနိုင်ဝန်ရှိ တံတားသစ်ကို ထပ်မံဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)