ရန်ကုန် ၂၃ အောက်တိုဘာ
မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဒိန်းမတ်ကြက်ခြေနီအသင်းတို့ ပူးပေါင်းကာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ ယာယီခိုလှုံရာစခန်း ၇ ခုရှိ ပြည်တွင်းနေရပ်စွန့်ခွာသူ မိသားစု ၁၇၆ စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ် ၄ သိန်းနှုန်းဖြင့် Unconditional Cash Grant အဖြစ် စုစုပေါင်းငွေ ကျပ် ၇၀၄၀၀,၀၀ဝ ကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်ပြည်နယ် အထူးစီမံချက်ရုံးမှ တာဝန်ရှိသူများ၊ မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးမျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် ကြက်ခြေနီ စေတနာလုပ်အားရှင် ၅ ဦးတို့က အောက်တိုဘာ ၂၁ ရက်နှင့် ၂၂ ရက်များတွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့သည်။
ယခုကဲ့သို့ ထောက်ပံ့ခြင်းသည် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခက်အခဲများနှင့် ရင်ဆိုင်ရင်နေရသည့် မိသားစုများ အဆင်ပြေစေရန်၊ အသက် ၆၅ နှစ် အထက်ရှိ သက်ကြီးရွယ်အိုရှိသည့် မိသားစုများ၊ နာတာရှည်ရောဂါဝေဒနာ ခံစားနေရသူများ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ အချို့တဲ့ဆုံးမိသားစုများ အစရှိသည့် သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် မိသားစုများအား ထောက်ပံ့ပေးခဲ့ခြင်းဖြစ်သည်။
ဝင်းအောင်(MRCS)


