mdn

နေပြည်တော် ၂၃ အောက်တိုဘာ

 

ရွှေကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၂၂ ရက် ၇ နာရီခွဲတွင် ရွှေကူမြို့နယ်၊ ငါးဘတ်ကြီးကျေးရွာအုပ်စု၊ ကိုင်းရွာကျေးရွာအနီးလမ်းပေါ်တွင် မသင်္ကာဖွယ်တွေ့ရှိသူ မစန်းနုအေးနှင့် မကြူကြူတို့ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉,၀၀၀ ကိုလည်းကောင်း၊ အလားတူ အောက်တိုဘာ ၂၁ ရက် ည ၁၁ နာရီ မိနစ် ၅၀ တွင် ကလေးဝမြို့နယ်၊ အောင်ချမ်းသာရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ကလေးဝမြို့နယ်၊ သက္ကယ်ကျင်း-ဖောင်းပြင်လမ်းဆုံ၊ မိုင်တိုင်အမှတ်(၁/၀) အနီးတွင် အမျိုးသား ၆ ဦးတို့ကို မသင်္ကာဖွယ်တွေ့ရှိ၍ စစ်ဆေးမေးမြန်းစဉ် အမျိုးသား ၅ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားပြီး ဒွဲဝေါင်အား ဖမ်းဆီးရမိပြီး မော်တော်ယာဉ်ကို ဆက်လက်ရှာဖွေရာ ငွေကျပ်သိန်း ၂၁,၉၈၀ တန်ဖိုးရှိ ဘိန်းဖြူ ၂၁ ဒသမ ၉၈ ကီလိုကိုလည်းကောင်း။

 

ထို့အတူ အောက်တိုဘာ ၂၂ ရက် မွန်းလွဲ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျေးရွာအုပ်စု၊ ဝမ်အွယ်ကျေးရွာအနီး၊ ကျိုင်းတုံ-မိုင်းဆတ်သွား ကားလမ်းတွင် အားဆော့မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား