ကျုံပျော် ၂၄ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် အလှူရှင်များက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် မြို့နယ်ပြည်သူ့ဆေးရုံသို့ အလှူငွေ၊ဆန်နှင့် စက်ပစ္စည်းများ လာရောက် လှူဒါန်းခြင်းကို အောက်တိုဘာ ၂၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ယခုကိုဗစ် - ၁၉ ဖြစ်ပွားနေသည့်ကာလတွင် မြို့နယ်အတွင်းရှိ အလှူရှင်များက လိုအပ်သည့်နေရာများအလိုက် တက်ကြွစွာပါဝင်လှူဒါန်းနေသည်ကို တွေ့ရသည့် အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ ကိုဗစ် - ၁၉ ရောဂါကို ရှေ့တန်းမှတိုက်ဖျက်နေရ သည့် ကျန်းမာရေးဌာနသို့ လိုအပ်သည့် ပစ္စည်းကိရိယာနှင့် ငွေကြေးများကို ယခုကဲ့သို့ လာရောက်လှူဒါန်းကြသည့်အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် အောက်ဆီဂျင်စက်အလှူရှင် ဦးသန်းစိုး(စတားရွှေစင် ရွှေဆိုင်) နှင့် ငွေသား(၅) သိန်းကျပ် အလှူရှင် ဦးကြည်အေး+ ဒေါ်သန်းရ (အောင်စည်သာရောင်းဝယ်ရေး) မိသားစုတို့က ကိုဗစ်ကာကွယ်ရေး အတွက် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်အလှူရှင်များလှူဒါန်းသည့် အောက်စီဂျင်စက်၊ အလှူငွေ၊ ဆန်အိတ် (၂၅၀)၊ ဆေးရုံသုံး စက်ပစ္စည်းများနှင့် သံပန်းတံခါးတို့အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က အသီးသီးသီးလက်ခံခဲ့ကြပြီး၊ စုစုပေါင်း လှူဒါန်းမှုတန်ဖိုး ကျပ် ၅၄၂၁၀၀၀ ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက ယနေ့ လာရောက် လှူဒါန်းမှုနှင့် ယခင်ရက် လှူဒါန်းမှုများကိုပေါင်း၍ စုပေါင်းလှူဒါန်းပွဲနှင့် အလှူရှင် ဂုဏ်ပြုပွဲကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ အလှူရှင်များ၏ ငွေသားနှင့် ပစ္စည်း လှူဒါန်းမှူတန်ဘိုးမှာ ကျပ်သိန်း(၃၀၀) ကျော် ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ စေတနာ အားကောင်းလှသည့် မြို့တစ်မြို့အဖြစ်သတ်မှတ်ပါကြောင်း၊ယခု ကိုဗစ် -၁၉ ဖြစ်ပွားသည့်ကာလအတွင်း အသုံးပြုနိုင်ရန် သီးသန့်လှူဒါန်းမှုမှာ ပထမအကြိမ်တွင် ကျပ်(၁၃၅) သိန်းကျော်ရှိခဲ့ပြီး၊ ယနေ့ ဒုတိယအကြိမ် ထပ်မံလှူဒါန်းခဲ့မှုမှာ ကျပ် (၅၄) သိန်းကျော် ဖြစ်ကြောင်း၊ လှူဒါန်းရရှိ မှုများကိုလည်း လိုအပ်သည့်နေရာများတွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယခုအလှူရှင်များနှင့်တစ်ကွ အဖက်ဖက်မှ ကူညီပေးကြသူအားလုံးကို အထူးကျေးဇူးတင်ရှိပါ ကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
နေဝင်းမြင့် (ကျုံပျော်) ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် အလှူရှင်များက ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် မြို့နယ်ပြည်သူ့ဆေးရုံသို့ အလှူငွေ၊ ဆန်နှင့် စက်ပစ္စည်းများ လာရောက် လှူဒါန်းခြင်းကို အောက်တိုဘာ ၂၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ယခုကိုဗစ် - ၁၉ ဖြစ်ပွားနေသည့်ကာလတွင် မြို့နယ် အတွင်းရှိ အလှူရှင်များက လိုအပ်သည့်နေရာများအလိုက် တက်ကြွစွာပါဝင်လှူဒါန်းနေသည်ကို တွေ့ရသည့်အတွက် အထူးဝမ်းမြောက်ပါကြောင်း၊ ကိုဗစ် - ၁၉ ရောဂါကို ရှေ့တန်းမှတိုက်ဖျက်နေရသည့် ကျန်းမာရေးဌာနသို့ လိုအပ်သည့် ပစ္စည်းကိရိယာနှင့် ငွေကြေးများကို ယခုကဲ့သို့ လာရောက်လှူဒါန်းကြသည့်အတွက် အထူး ကျေးဇူးတင်ရှိပါကြောင်း၊ ဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် အောက်ဆီဂျင်စက်အလှူရှင် ဦးသန်းစိုး(စတားရွှေစင် ရွှေဆိုင်) နှင့် ငွေသား(၅) သိန်းကျပ် အလှူရှင် ဦးကြည်အေး+ ဒေါ်သန်းရ (အောင်စည်သာရောင်းဝယ်ရေး) မိသားစုတို့က ကိုဗစ်ကာကွယ်ရေး အတွက် လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက်အလှူရှင်များလှူဒါန်းသည့် အောက်စီဂျင်စက်၊ အလှူငွေ၊ ဆန်အိတ် (၂၅၀)၊ ဆေးရုံသုံး စက်ပစ္စည်းများ နှင့် သံပန်းတံခါး တို့အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က အသီးသီးသီးလက်ခံခဲ့ကြပြီး၊ စုစုပေါင်း လှူဒါန်းတန်ဖိုး ကျပ် (၅၄၂၁၀၀၀) ဖြစ်ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ဇော်ဝင်းက ယနေ့ လာရောက် လှူဒါန်းမှုနှင့် ယခင်ရက် လှူဒါန်းမှုများကိုပေါင်း၍ စုပေါင်းလှူဒါန်းပွဲနှင့် အလှူရှင် ဂုဏ်ပြုပွဲကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့သည့် ၂၀၁၆ ခုနှစ်မှစ၍ အလှူရှင်များ၏ ငွေသားနှင့် ပစ္စည်း လှူဒါန်းမှူတန်ဘိုးမှာ ကျပ်သိန်း(၃၀၀) ကျော်ရှိခဲ့ပြီ ဖြစ်ပါကြောင်း၊ စေတနာအားကောင်းလှသည့် မြို့တစ်မြို့အဖြစ်သတ်မှတ်ပါကြောင်း၊ ယခု ကိုဗစ် -၁၉ ဖြစ်ပွားသည့်ကာလအတွင်း အသုံးပြုနိုင်ရန် သီးသန့်လှူဒါန်းမှုမှာ ပထမအကြိမ်တွင် ကျပ်(၁၃၅) သိန်းကျော်ရှိခဲ့ပြီး၊ ယနေ့ ဒုတိယအကြိမ် ထပ်မံလှူဒါန်းခဲ့မှုမှာ ကျပ် (၅၄) သိန်းကျော် ဖြစ်ကြောင်း၊ လှူဒါန်းရရှိမှုများကိုလည်း လိုအပ်သည့်နေရာများတွင် အကျိုးရှိစွာ အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ယခုအလှူရှင်များနှင့်တကွ အဖက်ဖက်မှ ကူညီပေးကြသူအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သိရသည်။
နေဝင်းမြင့် (ကျုံပျော်)


