နောင်ချို  ၂၄  အောက်တိုဘာ

 

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  အောက်တိုဘာလ  ၂၃ ရက် မွန်းလွဲပိုင်းက  နောင်ချိုမြို့အဝင် ခြေမြစ်ပင်စစ်ဆေးရေးဂိတ်၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များနှင့် တွေ့ဆုံကာ လိုအပ်သည်များ  လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကိုဗစ်-၁၉ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများတွင် သုံးစွဲနိုင်ရန် အလှူငွေကျပ် (၁၀) သိန်းနှင့် စားသောက်ကုန်များကို ထောက်ပံ့ပေးခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသွင်ကိုကိုမင်းနှင့် မြို့နယ်ဆရာဝန်ကြီးတို့က လက်ခံရယူခဲ့သည်။

 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စစ်ဆေးရေးဂိတ်တွင် ဆောက်ရွက်နေမှု အခြေအနေ၊   တွေ့ကြုံရသည့် အခက်အခဲ၊ ဆောင်ရွက်ပေးရန် လိုအပ်ချက်များအား မေးမြန်းခဲ့ရာ ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ပြန်လည်တင်ပြခဲ့ကြကြောင်း သိရသည်။

 

ထွေးငယ်၊နောင်ချို ပြန်/ဆက်

 

mdn