ဟိုပုံး ၂၄ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် Eastern States Agri-Bussiness Project(ESAP) တို့ပူး ပေါင်းဆောင်ရွက်သည့် ကုန်းကျိုင်းကျေးရွာအုပ်စု၊ ဟိုလိကျေးရွာ ကျေးလက် ရေသွယ်ခြင်းလုပ်ငန်းဖြစ်သည့် စိမ့်စမ်းရေသွယ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအား ယနေ့နံနက် က၁၀နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တောင်ကြီးမြို့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နော်မူးခိုဖော၊ တောင်ကြီး ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရန်မျိုးနိုင်၊ ဟိုပုံးမြိုနယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးလွင်မြင့်နှင့် ဝန်ထမ်းများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေကျပ်(၁၁.၇၇၃)သန်းဖြင့် ထွန်းကြယ်စင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် သည့် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း(၁/၀)မိုင်ဆောင်ရွက်ပြီစီးမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြ ကြောင်း သိရသည်။ အဆိုပါ ဟိုလိ ကျေးရွာတွင် အိမ်ခြေ(၁၁၀)၊ လူဦးရေ(၄၉၆)ဦးအား သောက်သုံးရေလွယ်ကူ အဆင်ပြေစေရန်အတွက် ကျေးရွာအတွင်း အိမ်တိုင်ရာရောက်ရေသွယ် ယူနစ်(၅၉၀၀') ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာတာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
နေမင်းထွန်း(ဟိုပုံး)


