၂၄ အောက်တိုဘာ
ဒီမိုကရက်ပါတီမှ သမ္မတလောင်း ဂျိုး ဘိုင်ဒန်က နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲမှာ သူသာ အနိုင်ရရှိခဲ့ရင် အမေရိကန် နိုင်ငံသား အားလုံး အား ကိုရိုနာ ဗိုင်းရပ်စ် ရောဂါပိုး ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးမယ့် အစီအစဉ်ကို လုပ်ဆောင်သွားမယ်လို့ မနေ့က (သောကြာနေ့) က ပြောကြားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးထိန်းချုပ်မှုနဲ့ပတ်သက်တဲ့ အစီအစဉ်ကို ရွေးကောက်မဲဆွယ်ပွဲမှာ ပြောဆို သွားတာ ဖြစ်ပါတယ်။ ဘိုင်ဒန်က သိပ္ပံပညာရှင်တွေရဲ့ ပြောဆိုချက်ကို လိုက်နာပြီး မျက်နှာဖုံး ဝတ်ဆင်ရေးကို လမ်းညွှန်ချက်အနေနဲ့ ဖော်ပြပြီး တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေးကို အားပေး လုပ်ဆောင်မှာ ဖြစ်ကြောင်းနဲ့ ကပ်ရောဂါပိုးကြောင်း ခံစားနေရတဲ့ အမေရိကန် နိုင်ငံသားတွေကို ဖြေလျှော့ရေးတွေ လုပ်ဆောင်သွားမယ်လို့ ပြောကြားပါတယ်။
ဒါ့အပြင် အစွမ်းထက်တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်ဆေးကို နိုင်ငံသားအားလုံးအား အခမဲ့ ထိုးနှံပေး သွားမှာဖြစ်ကြောင်း မဲဆွယ်ရေးကာလ ၁၁ ရက်သာ ကျန်တော့ အချိန်မှာ ဒီမိုကရက်ပါတီ သမ္မတ လောင်း ဘိုင်ဒန်က ပြောကြားတာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကပ်ရောဂါပိုး ကူးစက်ခံရသူ ၈,၇၄၆,၉၅၃ ဦးရှိပြီး သေဆုံးသူမှာ ၂၂၉, ၂၈၄ ဦးရှိကြောင်း ဒီနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
MDN
ကိုးကား - AFP
