မန္တလေး ၂၄ အောက်တိုဘာ

 

ကိုဗစ်-၁၉ ကာလ ဆွမ်းအခက်အခဲကြောင့် မန္တလေးတိုင်းဒေသကြီး သာသနာရေးဦးစီးဌာနကို လာရောက်ပြောကြားထားသည့် ဘုန်းတော်ကြီးသင်စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်ကျောင်းတချို့ကို လှူဒါန်းသွားမည်ဟု သိရသည်။

 

“သာသနာရေးဦးစီးဌာနအနေနဲ့ လှူဒါန်းမှာမဟုတ်ဘဲ တရားဝင်ဖွဲ့စည်းထားတဲ့ လူမှုရေးအဖွဲ့အစည်း ကနေ ကျွန်တော်တို့ လှူဒါန်းသွားမှာပါ” ဟု တိုင်းသာသနာရေးမှူး ဦးကျော်လှိုင်က ပြောသည်။

 

အဆိုကျောင်းများကို တစ်ကျောင်းလျှင် ငွေကျပ်ငါးသိန်းစီ လှူဒါန်းသွားမည်ဟု သိရသည်။

 

မန္တလေးမြို့တွင် ဘုန်းကြီးကျောင်း ၅၀၀ ကျော်ရှိပြီး ကိုဗစ်-၁၉ ကာလအတွင်း ဆွမ်းအခက်အခဲများရှိကြောင်း သိရသည်။

 

ဖြိုးအိ