လင်းခေး ၂၅ အောက်တိုဘာ

 

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့နယ်တွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်း ဒုတိယနေ့ကို ယနေ့နံနက် ၉နာရီက လင်းခေးမြို့ နွယ်ဝတီခန်းမ၌ ဆက်လက် သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

 

ဒုတိယနေ့သင်တန်းတွင် လင်းခေးမြို့နယ် ဟိုမိန်းမြို့ အပါအဝင် ဝမ်ဟတ်၊ မအွန်လောင်း၊ နားကုန်းကျေးရွာ အုပ်စုများအတွင်းရှိ မဲရုံများ၌ တာဝန်ယူဆောင်ရွက်ကြရမည့် သင်တန်းသား စုစုပေါင်း(၄ဝ) တို့ တက်ရောက်ကြသည်။

 

ယမန်နေ့ ပထမနေ့က လင်းခေးမြို့ပေါ်(၈)ရပ်ကွက်နှင့် လင်းခေးမြောက်ဘက်ခြမ်းရှိ ကျေးရွာအုပ်စုများမှ ပညာရေးဝန်ထမ်းများ၊ ရပ်ကျေးစာရေးများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ (၃၉)ဦးတို့ကို ပို့ချပေးခဲ့ကြောင်း သင်တန်း၂ ရက်တာတွင် မဲရုံမှူးစုစုပေါင်း(၇၉)ဦးကို ရွေးကောက်ပွဲဆိုင်ရာများ သင်ကြားပို့ချပေးနိုင်ခဲ့ပြီး မဲရုံ(၃၉)ရုံ၌ တာဝန်ယူဆောင်ရွက်ကြမည်ဖြစ်သည်။

 

လင်းခေးမြို့နယ်တွင် မဲဆန္ဒရှင်စုစုပေါင်း(၂၆၄၂၅)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သတင်းရရှိသည်။

 

စိုင်းဇော်လတ်(လင်းခေး)