လှိုင်းဘွဲ ၂၅ အောက်တိုဘာ
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် Premiere Urgence Internationale(PUI) Myanmar အဖွဲ့မှ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဆေးရုံးသုံးပစ္စည်းများ လှူဒါန်းခြင်းကို ယမန်နေ့က မြိုင်ကြီးငူ အထူးဒေအာရောဂျဒါနဆေးရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ လှူဒါန်းပွဲတွင် လူသားချင်းစာနာထောက်ထားမှု ရန်ပုံငွေမှ Covid-19 ရောဂါကြိုတင် ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံ(၃၀)စုံ၊ Face Shield(၃၀) ခု၊ လည်ရှည်ဖိနပ်(၃၀)စုံနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို လှူဒါန်းခဲ့ရာ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန တိုက်နယ်ဆရာဝန် ဒေါက်တာသန်းထိုက်အောင်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


