ကလော ၂၅ အောက်တိုဘာ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်သီးနှံများ ဈေးကွက်သို့အချိန်မီ တင်ပို့နိုင်စေရေး ရည်ရွယ်၍ နောင်ရဲကျေးရွာအုပ်စု၊ ဘုရားဖြူ-ငှက်ပျောတောကျေးရွာ ကုန်ထုတ်လမ်း တင်ပြ ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်းတိုင်တာခြင်းကို အောက်တိုဘာ ၂၄ ရက်နေ့က တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းတိုင်းတာရာတွင် ကလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်မြင့်သောင်းနှင့် ဝန်ထမ်းများက ကျေးရွာမှ တာဝန်ရှိသူများနှင့်အတူ ဘုရားဖြူ-ငှက်ပျောတော ကျေးရွာကုန်ထုတ်လမ်း တင်ပြဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း တိုင်တာခြင်း များကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းသည် ဘုရားဖြူ-ငှက်ပျောတော ကျေးရွာအနီး ပတ်ဝန်းကျင်ရှိ လယ်ယာ မြေဧက (၅၀ဝ)ကျော်ကို အကျိုးပြုမှာဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခွန်မြင့်သောင်းထံမှ သိရသည်။
ရဲအောင်(ကျေးလက်)


