ပုဗ္ဗသီရိ ၂၅ အောက်တိုဘာ
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများအား ရွေးကောက်ပွဲဆိုင်ရာအသိ ပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့နံနက် ၉ နာရီက နေပြည်တော်၊ ပုဗ္ဗသီရိ မြို့နယ်၊ ကျည်တောင်ကန်အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ် အုပ်ချုပ်ရေးမှူးဦးမြင့်အောင်က အဖွင့်အမှာစကားပြောကြားရာတွင် "မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန် ထမ်းဆောင်မည့်သူများအနေဖြင့် မိမိတို့ထမ်းဆောင်ရမည့်တာဝန်များကို မှာယွင်းမှု၊ လစ်ဟင်းမှုမရှိစေရန် အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ပြည်သူများဆန္ဒမဲပေးနိုင်ရန် မဲရုံများကိုစနစ်တကျ စီမံဆောင်ရွက်လျက်ရှိကြောင်း" ပြောကြားခဲ့ သည်။ ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးစန်းလွင်က သင်တန်းဖွင့်လှစ်ပို့ ချပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ပုဗ္ဗသီရိမြို့နယ်တွင် မဲရုံ(၇၉)ရုံဖွင့်လှစ်သွားမည်ဖြစ်ပြီး မဲရုံများတွင် မဲရုံမှူးနှင့်ဒုမဲရုံမှူးတာဝန် ထမ်းဆောင်ကြမည့် သင်တန်းသားဆရာ/ဆရာမ ၁၅၈ ဦးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်း ညွှန်ချက်များနှင့်အညီ တစ်ရက်လျှင်သင်တန်းသား ၈၀ ဦးဖြင့် အခန်းလေးခန်းခွဲ၍ နှစ်ရက်ကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)


