မုံရွာ  ၂၅  အောက်တိုဘာ

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသများ ရေရရှိရေး လုပ်ငန်းများအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရန်ပုံငွေမှ ငွေကျပ် (၆၈၈.၈၁၃)သန်းကို လျာထား လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခရိုင်များရှိ ကျေးရွာ(၄၆)ရွာတွင် သောက် သုံးရေရရှိရေး အနေဖြင့် တွင်းတိမ်(၁)တွင်း တွင်းနက်(၃၄)တွင်း၊ လက်တူးတွင်း(၁)တွင်း၊ စိမ့်စမ်းရေသွယ်ခြင်း (၅)ခုနှင့် အခြားနည်းလမ်းတို့ဖြင့် ရေရရှိရေးလုပ်ငန်း (၆)ခု စုစုပေါင်း လုပ်ငန်း(၄၇)ခုဖြင့် ကျေးလက်ဒေသများ ရေရရှိရေးလုပ်ငန်းများ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်(၄)ခုမှ ကျေးရွာ (၄)ရွာတွင် တွင်းနက် (၃)တွင်းနှင့် အခြားနည်းလမ်းဖြင့်ရေရရှိရေးလုပ်ငန်း (၂)ခုအားလည်းကောင်း၊ မုံရွာခရိုင်အတွင်းရှိ မြို့နယ် (၃)ခုမှ ကျေးရွာ(၅)ရွာ တွင် တွင်းနက်(၅)တွင်းအားလည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်းရှိ မြို့နယ်(၂)ခုမှ ကျေးရွာ(၃)ရွာတွင် တွင်းနက်(၂) တွင်းနှင့် အခြားနည်းလမ်းဖြင့် ရေရရှိရေးလုပ်ငန်း (၁)ခုကို လည်းကောင်း၊ ကသာခရိုင်အတွင်းရှိ မြို့နယ်(၄)ခုမှ ကျေးရွာ(၇)ရွာတွင် တွင်းနက်(၄)တွင်းနှင့် စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်း (၃)ခုအားလည်းကောင်း၊ ကောလင်းခရိုင် အတွင်းရှိ မြို့နယ်(၃)ခုမှ ကျေးရွာ(၇)ရွာတွင် တွင်းနက်(၆)တွင်းနှင့် အခြားနည်းလမ်းဖြင့်ရေရရှိရေးလုပ်ငန်း (၁)ခု အားလည်းကောင်း၊ ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ် (၂)ခုရှိ ကျေးရွာ(၂)ရွာတွင် တွင်းနက်(၂)တွင်းအား လည်း ကောင်း၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်(၄)ခုမှ ကျေးရွာ (၆)ရွာတွင် တွင်းတိမ်(၁)တွင်း၊ တွင်းနက်(၄)တွင်းနှင့် အခြားနည်းလမ်းဖြင့်ရေရရှိရေးလုပ်ငန်း (၁)ခုအား လည်းကောင်း၊ ကလေးခရိုင်အတွင်းရှိ မြို့နယ်(၂)ခုမှ ကျေးရွာ (၅)ရွာတွင် တွင်းနက်(၄)တွင်း၊ စိမ့်စမ်း ရေသွယ်ခြင်း လုပ်ငန်း(၁)ခုအားလည်းကောင်း၊ တမူးခရိုင်အတွင်းရှိ မြို့နယ်(၁)ခုရှိ ကျေးရွာ(၂)ရွာတွင် တွင်းနက်(၁)တွင်းနှင့် အခြားရေရရှိရေးလုပ်ငန်း (၁)ခုတို့အားလည်းကောင်း၊ မော်လိုက်ခရိုင်အတွင်းရှိ မြို့နယ်(၂)ခုမှ ကျေးရွာ (၂)ရွာတွင် တွင်းနက်(၁)တွင်း၊ စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်း (၁)ခုအားလည်းကောင်း၊ ခန္တီးခရိုင်အတွင်းရှိ မြို့နယ်(၂)ခုမှ ကျေးရွာ(၃)ရွာတွင် တွင်းနက်(၂)တွင်း၊ လက်တူးတွင်း(၁)တွင်းတို့အား လည်းကောင်း တူးဖော်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

၎င်းလုပ်ငန်းများအားလုံး ပြီးစီးပါက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာ(၄၆)ရွာရှိ အိမ်ခြေ(၅၇၇၈) အိမ်မှ လူဦးရေ(၃၁၅၁၉)ဦးတို့ သောက်သုံးရေ အလုံအလောက်ရရှိမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုး၏ ပြောပြချက်အရ သိရသည်။

 

ဝင်းဦး(ဇေယျာတိုင်း)