မင်းတပ် ၂၅ အောက်တိုဘာ
မင်းတပ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာ လူနာအမှတ်(၂၃၁၃၆)အား ရောဂါသက်သာပျောက်ကင်းပြီဖြစ်၍ ယနေ့မွန်းလွဲ (၁)နာရီက ဆေးရုံဆင်းခွင့်လက်မှတ် ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ဆရာဝန်ကြီး ဒေါက်တာဇော်ဝင်းနိုင်က “ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အနေနဲ့လည်း နောက်ထပ် ရောဂါကူးစက်မှုတွေ မဖြစ်အောင် မြို့အဝင်အထွက်ဂိတ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေနဲ့ အသိပညာပေးခြင်း လုပ်ငန်းတွေကို နေ့စဉ်ဆောင်ရွက်နေပါတယ်၊ အခု Quarantine ဝင်တဲ့သူတွေနဲ့ ဆေးကုသမှုခံယူတဲ့ သူတွေအားလုံး အောက်တိုဘာလ(၃၀)ရက်နေ့အပြီး ဆေးရုံဆင်းခွင့်ရကြမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။
မင်းတပ်ခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ(၄)ဦးနှင့် Quarantine Center (၃)ခုတွင် အသွားအလာကန့်သတ်စောင့်ကြည့် ခံရသူ (၂၁)ဦး၏ ကျန်းမာရေးအခြေအန ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)


