ကော့ကရိတ် ၂၅ အောက်တိုဘာ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကာလအတွင်း ရောဂါလက္ခဏာ သံသယရှိသူများ Fever Clinic ကို အောက်တိုဘာ ၂၆ ရက်မှစ၍ ဝင်းကြီးရပ်၊ အမှတ်()ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအနီး ယခင် တီဘီရောဂါစမ်းသပ်ကုသရေးဌာနဟောင်း အောက်ဆေးပေးခန်းတွင် အစိုးရရုံးဖွင့်ရက်များ၌ စမ်းသပ်စစ်ဆေးပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

j1

 

ကိုဗစ်-၁၉ ကာလအတွင်း ရောဂါလက္ခဏာ သံသယရှိသူများ၊ ဖျားနာသူများ၊ နှာစေးချောင်းဆိုး၊ လည်ချောင်းနာ၊ အသက်ရှူမဝခြင်း၊ အနံ့မရခြင်း၊ ကိုယ်အလွန်ပူခြင်း စသော ရောဂါများကို ကိုဗစ်-၁၉ ရောဂါပိုးကြောင့် ဖြစ်ပွားခြင်း ဟုတ်/မဟုတ် လာရောက်စမ်းသပ်နိုင်ပြီး အစိုးရရုံးဖွင့်ရက်များတွင် နံနက် နာရီမှ နေ့လည် ၁၂ နာရီအတွင်းနှင့် မွန်းလွဲ နာရီမှ ညနေ နာရီအတွင်း တာဝန်ကျ ဆရာဝန်များနှင့် သူနာပြုဆရာမများမှ ကုသစမ်းသပ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူ့ဆေးရုံကြီး၊ လက်ထောက်ဆရာဝန် ဒေါက်တာ ဦးကိုကိုဦးထံမှ သိရှိရသည်။

 

j3

ကျော်စိုးလွင် (ခရိုင် ပြန်/ဆက်)