mdn

မန္တလေး ၂၅ အောက်တိုဘာ

 

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမင်းထင်တိုက်၊ မိုးကုတ်ရိပ်သာကျောင်း ဓမ္မကထိက ဗဟုဇနဟိတဓရ ကမ္မဋ္ဌာနာစရိယ နယ်လှည့်ဓမ္မကထိက ဘဒ္ဒန္တပညာဝံသ (ပုလဲဆရာတော်) တည်ထောင်သော ပုလဲပရဟိတ ဖောင်ဒေးရှင်း ပရဟိတ အကယ်ဒမီစာကြည့်တိုက်အတွက် ငွေကျပ်သိန်း ၃၅၀ ကျော်တန်ဖိုးရှိ သုတ၊ ရသ၊ ဓမ္မ စာအုပ်မျိုးစုံ ၁၀၆၅၀ အုပ် လှူဒါန်းပွဲကို အောက်တိုဘာ ၂၅ ရက် နံနက် နာရီခွဲက ပုလဲပရဟိတကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မန္တလေးမြို့ ၃၈ လမ်း၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြားနေ အလှူရှင် ဦးလှဝင်း+ဒေါ်လဲ့လဲ့ဝင်း သမီး မရှင်းသန့်ဖြူ မိသားစုက စာအုပ်များကို လှူဒါန်းပေးအပ်ခဲ့ပြီး ဘဒ္ဒန္တပညာဝံသ (ပုလဲဆရာတော်)က လက်ခံရယူ အလှူခံတော်မူကာ ဂုဏ်ပြုလွှာပြန်လည်ချီးမြှင့် ပေးအပ်ခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးအုန်းငွေ (လူနှင့်လူ)က ကြည်နူးဝမ်းမြောက် ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။

 

တိမ်တမန်