တောင်ကြီး ၂၅ အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ()ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ယူကြမည့် ဆရာ/ဆရာမများအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစွမ်းရည်မြှင့်သင်တန်းကို အောက်တိုဘာ ၂၅ ရက် နံနက် နာရီက အမှတ်(၁၀) အခြေခံပညာ အလယ်တန်းကျောင်း၊ သရဖီဆောင်နှင့် ချယ်ရီကျောင်းဆောင်ခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

 

အဆိုပါဖွင့်ပွဲတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းရွှေက ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာများနှင့် စပ်လျဉ်း၍ ထပ်ဆင့်အမှာစကား ပြောကြားသည်။ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်စိုးက မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းစွမ်းရည်မြှင့် ဆင့်ပွားသင်တန်း ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် သင်တန်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင် အဖွဲ့ခွဲဝင်များက နည်းပြ()ဦးဖြင့် သင်ကြားပို့ချပေးပြီး မဲရုံမှူး၊ ဒုမဲရုံမှူးများအား လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ မဲပေးပုံအဆင့်ဆင့်၊ ဆန္ဒမဲရေတွက်မှုများ၊ ထုပ်ပိုးပုံအဆင့်ဆင့်၊ ကျန်းမာရေးနှင့် လုံခြုံရေး၊ မဲရုံတည်နေရာအခင်းအကျင်း၊ မဲစာရင်းစစ်ဆေးသူ၊ မဲလက်မှတ်ထုတ်ပေးသူ၊ မှင်တို့ပေးသူ တာဝန်ဝတ္တရားနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပေးလျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ နှစ်ရက်ဖြစ်ကြောင်း သိရသည်။

 

သင်တန်းသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ခွဲဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ခွဲဝင်များ၊ မြို့နယ်ပညာရေးမှူးတို့ကို လာရောက်ကြည့်ရှုခဲ့ကြပြီး သင်တန်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဒေါက်တာမိုထွန်းက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် လမ်းညွှန်ချက်များ၊ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းမြင့်မြင့်အေးက ရွေးကောက်ပွဲနှင့် မဲရုံဆိုင်ရာ ကိစ္စရပ်များ၊ အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ထွေးက ရွေးကောက်ပွဲနေ့ ပြင်ဆင်မှုများ၊ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်မြမြခိုင်က ရွေးကောက်ပွဲကျင်းပသည့်နေ့၊ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာကြီး ဦးစိုးတင့်လွင်က မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်း၊ အမှတ်() အခြေခံပညာ အထက်တန်းကျောင်းအုပ် ဆရာကြီး ဦးတင်လှက ရွေးကောက်ပွဲနေ့ လုံခြုံရေးနှင့် အထွေထွေခေါင်းစဉ်များဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

 

စိုင်းသန်းကျော်(တောင်ကြီး)