mdn

ရန်ကုန် ၂၆ အောက်တိုဘာ

 

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ၊ မဲရုံတာဝန်ကျဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ဖြန့်ဝေပေးမည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဝယ်ယူထားသောပစ္စည်းများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ်များဖြင့် ယနေ့ ဆက်လက်ရောက်ရှိ ကြသည်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အထူးလေယာဉ်များသည် နံနက် ၃ နာရီ ၂၅ မိနစ်တွင်လည်းကောင်း၊ နံနက် ၅ နာရီ မိနစ် ၄၀ တွင်လည်းကောင်း၊ နံနက် ၈ နာရီ ၅ မိနစ်တွင် လည်းကောင်း၊ နံနက် ၉ နာရီ မိနစ် ၄၀ တွင်လည်းကောင်း၊ ညနေ ၅ နာရီ ၄၅ မိနစ်တွင်လည်းကောင်း၊ ည ၁၀ နာရီ ၅ မိနစ်တွင် လည်းကောင်း ရောက်ရှိကြသည်။

 

အထောက်အကူပစ္စည်းများမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တို့သို့ အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၃ ရက်အတွင်း အထူးလေယာဉ်များဖြင့် ဆက်လက် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်