ကျွန်းလှ ၂၆ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများသို့ စတင် ထုတ်ပေးကြောင်း သိရသည်။
ထိုသို့ထုတ်ပေးရာတွင် မဲပုံးများ၊ ဆန္ဒပြုခန်းသုံးပစ္စည်းများ၊ လုံခြုံရေးကြိုးများ၊ မဲရေ တွက်ရန် ခြင်းများ၊ ခိုင်လုံမဲ၊ ပယ်မဲနှင့် မဲရေတွက်ခြင်း အခင်းအကျင်းနမူနာ ပုံစံများ၊အသိပညာပေး ဗွီနိုင်းပိုစတာများ၊ လက်ကမ်းစာစောင်များ၊ မဲရုံအတွက် လိုအပ်သော ပစ္စည်းများထုတ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဒေါ်လဲ့လဲ့မွန်က ပြောကြားသည်။
ကျွန်းလှမြို့နယ်တွင် ရပ်ကွက်(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃၄)အုပ်စု၊ ကျေးရွာပေါင်း (၁၁၄)ရွာရှိပြီး မဲရုံ(၉၁)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)


