ဝေါလေမြိုင် အောက်တိုဘာ ၂၆

 

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ နယ်မြေမီးသတ်စခန်းမှ တာဝန်ရှိသူများသည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲရုံများ မီးဘေးလုံခြုံရေးအတွက် စစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

ထိုသို့ဆောင်ရွက်ရာတွင် ဝေါလေမြိုင်နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ရဲလင်းနှင့် မီးသတ် တပ်ဖွဲ့ဝင်များက မဲရုံများနှင့် မဲရုံပတ်ဝန်းကျင်ရှိ နေအိမ်များသို့ သွားရောက်၍ မီးသုံးစွဲမှုများအား စစ်ဆေးခြင်း၊ မဲရုံများတွင် အသုံးပြုမည့် မီးသတ်ဆေးဘူးများအား စစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူး အသုံးပြုနည်းကို လက်တွေ့ပြသခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

နိုင်မျိုးသင်း(ပြန်/ဆက်)