မိုင်းယောင်း ၂၆ အောက်တိုဘာ

 

ရှမ်းပြည်နယ်(အရှေုပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် အမှတ်(၃) ရပ်ကွက်မှ ဦးနန်ပျဲန်း မိသားစုက သောက်ရေသန့်နှင့် မုန့်များကို ယမန်နေ့တွင် မြို့နယ်ပြည်သူ့ဆေးရုံသို့ လာရောက်လှူဒါန်းသည်။

 

“မိုင်းယောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးမှာ ရှေ့တန်းမှ အားသွန်ခွန်စိုက် လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် လေးစားဂုဏ်ယူပါတယ်၊ ကျန်းမာရေးဝန်ထမ်းများကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့အနေနဲ့ ယခုကဲ့သို့ ထောက်ပံ့လှူဒါန်းခြင်းဖြစ်ပါတယ်” ဟု မြို့နယ်ပြည်သူ့ဆေးရုံသို့ သောက်ရေသန့်များ လာရောက်လှူဒါန်းသူ အလှူရှင်တစ်ဦးက ပြောသည်။

 

စိုင်းအောင်ဇော်လင်း