၂၆ အောက်တိုဘာ

 

 

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာ ဗိုင်းရပ်စ် အတည်ပြု လူနာပေါင်း ၄၃ သန်းအထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အမေရိကန် တက္ကသိုလ် တစ်ခု၏  စစ်တမ်းများအရ သိရှိရသည်။

 

 

ပြီးခဲ့သည့် တနင်္ဂနွေနေ့ အတွင်းက ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၄၂၈၂၉၉၅၀ အထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်က ပြောကြားခဲ့သည်။

 

 

အမေရိကန် ပြည်ထောင်စုတွင် ရောဂါဖြစ်ပွားသူ ၈၆၀၂၈၇၂ ဉီး၊  အိန္ဒိယ၌   ၇၈၆၄၈၁၁ ဉီး၊ ဘရာဇီး၌ ၅၃၈၀၆၃၅ ဉီး၊ ရုရှား၌ ၁၅၀၃၆၅၂ ဉီးနှင့် ပြင်သစ်တို့တွင် ၁၁၃၀၀၈၁ ဉီးတို့ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

 

 

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တစ်ကမ္ဘာလုံး၌ သေဆုံးသူ ၁၁၅၂၀၅၄ ဉီးရှိပြီဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်က ပြောကြားခဲ့သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မေဇော်ထက်

a2